ဆီလီကွန်အရုပ်မများကို ၁၀ နှစ်ကျော်ကြာအောင် ပြုပြင်သူတစ်ဦးက ထိုအရုပ်မများအား သုံးသင့်သည်ထက် ပိုမိုအသုံးပြုပါက ပြုပြင်စရိတ် အလွန်ကြီးကြောင်း ဖွင့်ဟပြောဆိုပါသည် ။ ဆလိတ်ဖီရရှိ(Slade Fiero) ဆိုသူသည် ထိုဆီလီကွန် အရုပ်မပေါင်း ရာနှင့်ချီပြီး ပြင်ဆင်ခဲ့ဖူးပါသည် ။ သူသည် The Sun သတင်းဌာနသို့ ပြောပြရာတွင် ပုံမှန် အသုံးပြုသူများ အနေနှင့် ထိုဆီလီကွန် အရုပ်မမှာ ကြာရှည်အသုံးပြုနိုင်ပြီး အဓိကအားဖြင့် သိမ်းဆည်းခြင်းနှင့် သန့်ရှင်းမှုသည် ထိုအရုပ်မအတွက် အလွန်အရေးကြီးပြီး အသိမ်းမတတ်လျှင် ဂျိုင်းနေရာနှင့် ဒူးခေါင်းနေရာများ ပျက်စီးနိုင်ပါသည် ။ ပျက်စီးမှုတိုင်း လိတ်တက်(Latex) ကော်ကပ်ပြီး လွယ်လွယ်ကူကူ မပြုပြင်နိုင်ပါ ။ ဖီရရိုထံသို့ ပြုပြင်ရန် ရောက်လာသောအချို့ဆီလီကွန် အရုပ်မများမှာ ဆိုးဆိုးဝါ၀ါး ပျက်စီးနေပြီး နောက်တစ်ကြိမ် ပြုပြင်ချင်စိတ်ပင် မရှိတော့ကြောင်း ပြောဆိုပါသည် ။ လူတစ်ဦးဆိုလျှင် သူ၏အရုပ်မအား ၂ ကြိမ်ခန့် ပြုပြင်ရန် ဖီရရို ထံသို့ ယူလာခဲ့ဖူးကြောင်း တတိယအကြိမ်တွင် နောက်တစ်ကြိမ် ပြန်မလာရန် ပြောလွှတ်ဖူးခဲ့ပြီး ထိုလူသည် ကာမသောင်းကျန်ပြီး မိန်းကလေးများကို အကြမ်းဖက်မည့်သူဖြစ်ကြောင်း ဆီလီကွန် အရုပ်မ၀ယ်ယူထားသ...