ယောင်္ကျားတွေ ဘာကြောင့် တင်ပါးဆုံကြီးတဲ့ အမျိုးသမီးတွေကို ကြိုက်သလဲဆိုတာ သုတေသနပညာရှင်တွေက အဖြေထုတ် Turkey နိုင်ငံ Bilkent တက္ကသိုလ်က သုတေသီတွေက အမျိုးသား ၃၀၀ ကို အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောကျနှစ်ခြိုက်မှု အဆင့်ဆင့်ကို မေးကြည့်ရာမှာ တင်ပါးဆုံထက် ကျောရိုး ၄၅ ဒီဂရီ အတိအကျ ရှိတဲ့ အမျိုးသမီးတွေက ဆွဲဆောင်မှု အရှိဆုံးဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် တင်ပါးဆုံထက်က vertebral wedging လို့သိရတဲ့ ကျောရိုးခုံးမှုကြောင့် အမျိုးသားတွေ ပိုမို ဆွဲဆောင်မှု ခံရကြတာဖြစ်ပါတယ်။ တင်ပါးပတ်ပတ်လည် ထုထည်ကြီးမားမှုကြောင့် ကျောရိုးခုံးသွားသလို တွေ့ရစေတာဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။ ဒီ vertebral wedging ဖွံ့ဖြိုးတဲ့ အမျိုးသမီးတွေဟာ အနာတရဖြစ်တဲ့ အန္တရာယ် ပိုနည်းကာ ကိုယ်ဝန်အကြိမ်ပေါင်းများစွာ ဆောင်နိုင်ကြပါတယ်။ ဒီလိုတစ်ပမ်းသာမှုကြောင့် အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု ရစေတာလဲဖြစ်တယ်လို့ Dr. Lewis ကပြောပါတယ်။
Comments
Post a Comment