ပရိသတ်အားပေးမူရရှိထားတဲ့ နန်းခင်ဇေယျာက လက်ရှိမှာတော့ ရုံတင်နေပြီဖြစ်တဲ့ ဆယ်လီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ အခန်းနည်းပေမယ့် ပါဝင်သရုပ်ဆောင်ရတဲ့ အခန်းတွေက အရင်ကထက် ပိုပြီးသရုပ်ဆောင်ကောင်းလာတာကို လည်း တွေ့ရပါတယ် ။ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။ " ဒီဇာတ်ကားက အနုပညာရှင်တွေရဲ့ သားသမီးတွေကို ဦးစားပေးထားတဲ့ ဇာတ်ကားလေးပေါ့ နန်းခင်ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုတ်တာ ပါဝင်ရတဲ့ အခန်းလေးကတော့နည်းပါတယ် ဒါပေမယ့် ရတဲ့ နေရာကနေပဲ ပါဝင်သရုပ်ဆောင်ပြီး ဒါရိုတ်တာ ခိုင်းတဲ့ အတိုင်း သေချာ ကြိုးစားပြီး သရုပ်ဆောင်ခဲ့ပါတယ် အခုလိုမျိုးပညာပေး ဇာတ်ကားလေးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပါတယ်" လို့ပြောပါတယ်။ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လည်း" ဇာတ်ကားက ပညာပေးဇာတ်ကားလေးပါ နန်းခင် ကိုယ်တိုင်လည်း ဒီဇာတ်လေး ကို အရမ်းကြိုက်တယ် အဓိက က အခု လက်ရှိ မှာ ခေတ်စားနေတဲ့ Facebook နဲ့ ပတ်သတ်ပြီးတော့ ကျောင်းသားကျောင်းသူ အရွယ်ကလေးတွေကို သတိပေးပညာပေးတဲ့ ကားလေးပါ Facebook က သုံးတက်ရင် သုံးတက်သလို အကျိုးရှိပြီးတော့ အသုံးမချတက်ရင် ဒုက္ခတွေ့တက်ပါတယ် ကျောင်းနေအရွယ် ကလေးလေးတွေ facebook စွဲသွားပြီး အဲ့ဒိကနေပြီးတော့ပဲ မကောင်းတဲ့ လူတွေနဲ့တွေ့ပြီး ဒုက္ခ ရောက်တက်တာကို ရိုက်ပြထားတာပါ " လို့ပြောပါတယ်။
Credit: ကိုရန်ပိုင်စိုး(Myanmar Celebrities )
Comments
Post a Comment