တရုပ်နိုင်ငံ၊ ရှန်ဇန်မြို့က အင်ဂျင်နီယာတစ်ဦးဟာ သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းရာမှာ ပုံမှန်ထက်တန်ဖိုးကြီးတဲ့ အစီအစဉ်တစ်ခုနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့အတွက် နာမည်ကျော်ကြားသွားခဲ့ပါတယ်။
နိုဝင်ဘာလ (၃) ရက်နေ့မှာ iPhone X ကို နိုင်ငံတော်တော်များများ ဖြန့်ချီပြီဆိုတာနဲ့ iPhone ချစ်သူတွေဟာ တန်းစီပြီးတော့တောင် ဝယ်ချင်နေကြတာပါ။ ဂိမ်းပရိုဂရမ်မာတစ်ဦးလည်းဖြစ်တဲ့ ချန်ဟာ iPhone X တစ်လုံးတည်းတောင်မဟုတ်ဘဲ ပုံစံတူ၊ မော်ဒယ်တူ iPhone X (၂၅) လုံးကိုအသုံးပြုပြီး သူ့ချစ်သူ လီရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီစုံတွဲဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုံးက ချန်ပြုလုပ်ဖန်တီးထားတဲ့ ဂိမ်းတစ်ခုကြောင့် ဆုံတွေ့ခဲ့ကြတာပါ။ သူတို့နှစ်ယောက်စလုံးက ဂိမ်းဆော့ရတာကို အထူးဝါသနာထုံကြပါတယ်။
ချန့်အနေနဲ့ iPhone X (၂၅) လုံး ဝယ်ခဲ့ရတဲ့ ရည်ရွယ်ချက်က သူ့ကောင်မလေး လီရဲ့အသက်ဟာလည်း (၂၅) နှစ်ဖြစ်နေလို့ပါတဲ့။ နောက်ပြီး လက်ထပ်ခွင့်တောင်းခံခြင်းကို အားဖြည့်ပေးဖို့အတွက် ချန်ဟာ အထူးပြုလုပ်ထားတဲ့ စေ့စပ်လက်စွပ်တစ်ကွင်းကိုလည်း ယူဆောင်လာခဲ့ပါသေးတယ်။
ဒီ surprise လက်ထပ်တောင်းခံပွဲတစ်ခုလုံးကို လုပ်ဆောင်နိုင်ဖို့အတွက် ချန်ဟာ လီရဲ့ညီမတွေနဲ့ သူငယ်ချင်းတွေနဲ့ အကူအညီကိုလည်း ယူခဲ့ရပါသေးတယ်။ လှပနူးညံ့တဲ့ နှင်းဆီပန်း ပွင့်ဖတ်လေးတွေကို မြေပေါ်မှာကျဲချပြီး အသဲပုံဖော်ထားပါတယ်။ ပြီးတော့မှ iphone X (၂၅) လုံးကိုလည်း နှင်းဆီပွင့်ချပ်တွေပေါ်မှာ အသဲပုံပေါ်အောင် ဝန်းရံထားပါတယ်။ အလည်ခေါင်မှာမှ စေ့စပ်လက်စွပ်လှလှလေးကို တင်ထားတာပါ။ ဒီထက် ရိုမန်းတစ်တာ ဘာရှိပါဦးမလဲ။ ဒီလို surprise မျိုးကို မျက်ဝါးထင်ထင် ကြုံလိုက်ရတဲ့လီဟာ ခေါင်းညိတ်ရုံမှတပါး ဘာကိုမှ မတတ်နိုင်ခဲ့ပါဘူး။
ဇာတ်လမ်းက မပြီးသေးပါဘူး။ ချန်ဟာ သူ့ရဲ့ surprise လေးကို ဝင်ကူညီပေးခဲ့တဲ့ လီရဲ့ ညီမတွေနဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ယောက်ချင်းစီကို iphone X တစ်လုံးစီ ပေးအပ်ခဲ့ပါတယ်။ အင်တာနက်ပေါ်မှာတော့ လူတော်တော်များများဟာ လီရဲ့ညီမတွေ၊ သူငယ်ချင်းတွေပဲ ဖြစ်လိုက်ပါတော့ဆိုပြီး မကျေမချမ်းပြောဆိုနေကြတဲ့ မှတ်ချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကားမောင်းရင်း iPhone ၂ လုံး တစ်ပြိုင်တည်း သုံးနေသည့် ယာဉ်မောင်း ဒဏ်ရိုက်ခံရယခုဖြစ်ရပ်ကိုလည်း Twitter မှာ ပြန်တင်ခဲ့ပါတယ်။
Apple ကုမ္မဏီရဲ့ နောက်ဆုံးထုတ်ကုန်ရဲ့ ဈေးနှုန်းမြင့်မားမှုကြောင့် အင်တာနက်သုံးစွဲသူတွေဟာ တွက်ချက်မှုတွေကို ပြုလုပ်ခဲ့ကြပြီး iphone X (၂၅) လုံးရဲ့ စုစုပေါင်းတန်ဖိုးဟာ အိမ်တစ်လုံးကို အရစ်ကျဝယ်ရာမှာ ကနဦးကုန်ကျငွေကို ပေးချေနိုင်တယ် ဒါမှမဟုတ် ကားအသစ်တစ်စီးကိုတောင် ဝယ်နိုင်လောက်တယ်လို့လည်း ဆိုနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ iphone X 64 GB တစ်လုံးကို (၁၉) သိန်း ကျသင့်မှာဖြစ်ပြီး iphone X 256 GB တစ်လုံးကိုတော့ (၂၁) သိန်း ကျသင့်မှာဖြစ်ပါတယ်။ အချစ်က တကယ်တန်ဖိုးကြီး တာပဲနော်။
Source: Signatureweds
Comments
Post a Comment