Skip to main content

တစ်နာရီ မိုင်၂၀၀ နှုန်းအထိ ပျံသန်းနိုင်မယ့် မိုးပျံတက္ကစီယာဉ်များ တီထွင်ဖို့ Uber နဲ့ NASA ပူးပေါင်းသွားမည်

၂၀၂၀ လောက်မှာ ပျံသန်းတော့မှာပါ။

ဒရုန်းယာဉ်ဒီဇိုင်းနဲ့ ခရီးသည် ၄ ဦးအထိ သယ်ဆောင်နိုင်မယ့် မောင်းသူမဲ့မိုးပျံတက္ကစီ ပရောဂျက်ကို လာမယ့် ၃-၄နှစ်အတွင်း အကောင်အထည်ဖော်သွားဖို့ ရည်မှန်းထားတဲ့ Uber ဟာ NASA အာကာသအေဂျင်စီနဲ့ ပူးပေါင်းထားတယ်လို့ သတင်းထွက်နေပါတယ်။


NASA မှ အာကာသလေကြောင်း ကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီနဲ့ Uber ဟာ UberAir ဆိုတဲ့ ပရောဂျက်အတွက် ဆော့ဖ်ဝဲလ်တစ်ခု ဖန်တီးနေတာ ဖြစ်ပြီး ယာဉ်ကြောရှုပ်ထွေးတဲ့ မြို့ ကြီးပြကြီးတွေမှာ မိုးပျံယာဉ်တွေနဲ့ ဝန်ဆောင်မှုပေးသွားဖို့ စီစဉ်နေတာပါ။ NASA အနေနဲ့ ဒီပရောဂျက်မှာ လေကြောင်း ထိန်းချုပ်မှုစနစ်ပိုင်းကို တာဝန်ယူတီထွင်သွားရမှာ ဖြစ်ပြီး UberAir ကတော့ နေ့ စဉ်လေကြောင်း ပျံသန်းမှုအပေါ် တာဝန်ယူကိုင်တွယ်သွားဖို့ သဘောတူထားကြတယ်လို့ လည်း ဆိုပါတယ်။

UberAir ပရောဂျက်မှာ သုံးမယ့် မိုးပျံယာဉ်ဟာ တစ်နာရီကို မိုင် ၂၀၀ နှုန်းအထိ ပျံသန်းနိုင်မှာ ဖြစ်ပြီး ကားနဲ့ မိနစ် ၈၀ ကြာအောင် သွားရတဲ့ ခရီးတစ်ခုကို ၄ မိနစ်တည်းနဲ့ အရောက်ပျံသန်းနိုင်အောင် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် ခရီးသည်အနေနဲ့ ကိုယ်သွားလိုတဲ့ လမ်းကြောင်းကို app ကနေ ထည့်သွင်းပေးလိုက်ရတာနဲ့ ယာဉ်မှ အလိုအလျောက်သယ်ပို့ ပေးသွားမှာပါ။ Uber ရဲ့ ထုတ်ကုန်ပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဟိုဒင်ကတော့ Uber အနေနဲ့ လာမယ့် ၂၀၂၀ လောက်မှာ မိုးပျံတက္ကစီဝန်ဆောင်မှုကို စတင်နိုင်ဖို့ မှန်းထားတယ်လို့ လစ္စဘွန်းမှာ ကျင်းပသွားတဲ့ Web Summit အင်တာနက်ကွန်ဖရင့်မှာ ထုတ်ဖော်ပြောကြားသွားပါတယ်။


ယခုနှစ်ဆန်းပိုင်းမှာ Uber ဟာ ကုမ္ပဏီရဲ့ မိုးပျံကားစီမံကိန်း ဌာနခွဲတစ်ခု ဖြစ်တဲ့ Uber Elevate အတွက် NASA မှ VTOL နည်းပညာကျွမ်းကျင်သူ မာ့ခ်မိုးလ်ကို လေကြောင်းပျံသန်းမှု ဒါရိုက်တာအဖြစ် ခန့် အပ်ခဲ့ပါတယ်။ မာ့ခ်မိုးဟာ ထောင်လိုက် အဆင်းအတက်လုပ်နိုင်တဲ့ VTOL နည်းပညာပိုင်းကျွမ်းကျင်သူ ဖြစ်ပြီး အာကာသဆင်း hover ယာဉ်များအတွက် အသံဆူညံမှုနဲ့ နေရာယူမှုပိုင်းကို လျှော့ချနိုင်တဲ့ နည်းပညာ တီထွင်ခဲ့သူ ဖြစ်သလို VTOL နည်းပညာအကြောင်း စာတမ်းများလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။

Uber ဟာ မိုးပျံဒရုန်းတက္ကစီဝန်ဆောင်မှုကို ဒူဘိုင်းမှာ စတင်ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ကမ္ဘာ့မြို့ ပေါင်း ၆၄၀ ခန့် မှာ မိုဘိုင်းapp မှ တစ်ဆင့် တက္ကစီဝန်ဆောင်မှုပေးနေတဲ့ Uber Technologies Inc ဟာ မြေပြင်ပေါ်မှာတင် တက္ကစီအငှားလုပ်ငန်းစတင်တော့မှာ မဟုတ်ဘဲ လာမယ့် နှစ်အနည်းငယ်အတွင်း ဝေဟင်ဝန်ဆောင်မှုပါ ပေးတော့မှာပါ။


Comments

Popular posts from this blog

အိချောရဲ့BODYကောက်ကြောင်းအလှများ

အိချောရဲ့BODYကောက်ကြောင်းအလှများ

ဖွင့်ဖွင့်ထွားထွားနဲ့ကိတ်တဲ့အကြောင်းပြောပြတဲ့ အိချောပို

အိချောပိုက သူမဖွင့်ဖွင့်ထွားထွားနဲ့ကိတ်တဲ့အကြောင်းကို Myanmar Celebrities(Myanamr Cele Wiki)ကိုပြောပြခဲ့ပါတယ်။ အိချောပိုကိုတော်တော်များများကအဲလိုပြောကြပါတယ်။ စပေါ်ကတည်းကပြောကြတယ်။ ကာရိုက်တာပိုင်းကအစ စပေါ်ကတည်းက အဲလိုဇာတ်မျိုးဆို အိချောဆီလာတာများတယ်။ အဲလိုတွေရိုက်ရတာများတော့ အပြင်ပရိသတ်တွေတော်တော်များများတောင် သိနေကြပါပြီ ဒါကတော့ထွေထွေထူးထူးပြောပြနေစရာမလိုဘူးပေါ့နော်။ အိချောကထွားတဲ့ထဲပါပါတယ်။ အရင်တုန်းကစရိုက်ခါစာကကင်မရာတွေကြောင့်ဖြစ်မှာပါ။ အရင်တုန်းကကင်မရာတွေကရိုက်လိုက်ရင် လက်ရှိခန္ဓာကိုယ်အချိုးစားကို တီဗီထဲကျရင်အရမ်းကိုဝပြီးထွားနေသယောင်ဇြစ်နေတယ်။ အခုပိန်သွားလားပိန်သွားလားဆိုပြီး လူတော်တော်များများကမေးကြတယ်။ ပိန်သွားတာမဟုတ်ပါဘူး အရင်ကတည်းကဒီလောက်ပါပဲ။ နည်းနည်းပါးပါးပင်ပန်းတော့ကိုယ်ရည်စစ်သွားပါတယ်။ ခုနောက်ပိုင်းကင်မရာတွေကလဲကောင်းလာတော့ အရှိကိုအရှိတိုင်းထွက်လာတာပေါ့။ အိချောတို့နဲ့လဲအဆင်ပြေသွားပါတယ် အိချောတို့ကနဂိုကတည်းကထွားတဲ့သူဆိုတော့ တီဗီထဲရောက်ရင်အရမ်းထွားနေမှာဆိုးလို့လေ။ ကိုယ့်ခန္ဓာအချိုးစားကိုကြိုက်လားဆိုတော့ မိန်းကလေးတိုင်းရှိသင့်ရှိထိုက်တာတေ...

သူမကို အသုံးချပြီး ဖင်အတုရောင်းသူကို အိချောပိုဘယ်လိုတုန့်ပြန်လိုက်လဲ

ကောက်ကြောင်း အလွ တြေနဲ့ နာမည်ကြီး တဲ့ အိခော်ပို ကေတာ့ သူမ ပုံနဲ့ကြော်ျငျာပီး ဖင်အတု ရောင်းတဲ့ ပိုစ့် ကို သူမ ဖေ့စ္ဘြတ္ခ္မွာရွယ္လုပ်ျပီး’ အမေလးးး အကိုကြီးရယ်…. အကိ...