စိတ်ညစ်နေတဲ့ အချိန်ရှားပါတယ်လို့ ဖွင့်ဟလာတဲ့အိချောပို။ လက်ရှိမှာ ပရိသတ်အားပေးမူရရှိလာတဲ့ အိချောပိုက ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီးတော့ အခုလက်ရှိမှာ ရုံတင်နေတဲ့ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်အားပေးမှုရရှိနေတာကို တွေ့ရပါတယ် ။ မကြာခင်မှာလည်း ဇာတ်ကားတွေရုံတင်ဖို့ ရှိနေတာကြောင့် သူမဇာတ်ကားတွေနဲ့ ပတ်သတ်ပြီးတော့လည်း " အခု ပွဲခံမယ်က ပရိသတ်အရမ်းအားပေးကြတော့ ပျော်လည်းပျော်တယ်ဝမ်းလည်းသာတယ် နောက်ထပ်လည်း အများကြီးကြိုးစားဖို့လိုပါသေးတယ်။ လောလောဆယ်ရုံတင်ဖို့ရှိတဲ့ ဇာတ်ကားတွေက ကိုဝိုင်းနဲ့ ရိုတ်ထားတဲ့ 3 Girls ရှိမယ် အဲ့ဒီဇာတ်ကား အတွက်လည်း ရင်ခုန်နေပါတယ် " လို့ ပြောပါတယ် ။ စိတ်ညစ်တဲ့ အချိန်တွေရှိလား ဆိုတော့ " အမှန်တိုင်းပြောရရင်လူပဲလေ။ စိတ်တော့ညစ်တာပေါ့နော်။ ဒါပေမယ့် အိချောကစိတ်ညစ်တဲ့အချိန်တွေမရှိရအောင် အလုပ်လုပ်တယ် တခါတလေစိတ်ညစ်တာတွေ ဘာတွေရှိရင်အလုပ်နဲ့ပဲ ဖြေဖျောက်ပါတယ် " လို့ပြောပါတယ်။ လွန်ခဲ့သောတနှစ်လောက်က ( သတိထား ) ပြေတီဦး အိချောပို ဗီဒီယို ဇတ်ကားထွက်ခဲ့ တုန်းက ဗီဒီယိုထဲအိချောပို အငိုခန်းတွေပီပြင်လွန်းလို့  ပရိသတ်အတော်များများကြိုက်နှစ်သက်ခဲ တာ အမှတ်...